© 2019 by Myanmar Innovative LIfe Sciences. Website by The Projecteur

MILS-FSF-Logo-Color.png

Myanmar Food Safety Ecosystem

Food Safety Forum 2019 တွင် တက်ရောက်သူအများအပြား အထူးစိတ်ဝင်စားခဲ့သည့် အစီအစဉ်တရပ်မှာ တတိယထပ် ခန်းမအပြင်ဖက်ရှိ မြန်မာနိုင်ငံအစားအစာ ဘေးကင်းရေး ကဏ္ဍတွင် ပါဝင်ပတ်သက် နေသူများအားလုံးနှင့် ၄င်းတို့အကြား ဆက်နွယ် သက်ရောက်နေမှုများ ကိုဖော်ပြသည့် Stakeholder Map ဖြစ်ပါသည်။

MILS သည် MOSS Consultants & Capital နှင့်ပူးပေါင်းကာ Forum မတိုင်မီတွင် အချိန် ( ၂ ) ရက်ခန့်ယူပြီး အောက်ပါ အစိတ်အပိုင်း ( ၅ ) ခုပါဝင်ဝင်သော ဖော်ပြပါ မြန်မာနိုင်ငံ အစားအစာဘေးကင်းရေး ဂေဟစံနစ်ပြမြေပုံ တခု (PRINC) ကို ရေးဆွဲခဲ့ပါသည်။

၁။ ပုဂ္ဂလိက လုပ်ငန်းများ (P)

၂။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများ (R)

၃။ ရင်းနှီးမြှုပ်နှံသူများ (I)

၄။ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (N)

၅။ စားသုံးသူများ (C)

လက်ရှိတွင် လုပ်ငန်းများ၊ အဖွဲ့အစည်းများထဲတွင် အခက်အခဲများ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း လက်တွေ့ပါဝင်ဆောင်ရွက်နေသူများ ၏အသံများကို နားထောင် ခြင်းကသာ ပိုမို ပြီးပြည့်စုံသော ဂေဟစံနစ်မြေပုံတခု နှင့် ပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်များကို ထိရောက်စွာ ရေးဆွဲနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် အစားအစာဘေးကင်းရေး နှင့် အရည်အသွေးပြည့်မီသော စားသောက် ကုန်များ ရရှိနိုင်ရေး အတွက် ကျေးဇူးပြု၍ သင့်အချိန် ၃ မိနစ်မျှပေးပြီး အောက်ပါလင့်ကိုနှိပ်၍ ပူးပေါင်းပါဝင်ပေးပါ။

ဤနေရာကိုနှိပ်ပြီး ပူးပေါင်း ပါဝင်မည်။

မေးခွန်းအတွက် အဖြေများ လက်ခံရရှိပြီးချိန်တွင် Forum တွင် ပြသခဲ့သော လက်ရှိ ဂေဟစံနစ်မြေပုံအား ပြန်လည်ပို့ပေးပါမည်။

မြန်မာနိုင်ငံ အစားအစာ ဘေးကင်းရေးနှင့် အရည်အသွေး မြှင့်တင်ရေး အတွက် လုပ်ဆောင်သင့်သည်များကို ထိရောက်စွာ သုံးသပ် အကြံပြုပေးနိုင်မည့် White Paper တခုကိုလည်း အားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ပြုစုသွားမည်ဖြစ်ကြောင်း ကိုလည်းအသိပေးအပ်ပါသည်။

One of the most differentiating features to bring the values to the Food Safety Forum 2019 was its Stakeholder Map located outside of the main plenary hall which attracted a lot of attention from participants. 

Myanmar Innovative Life Sciences - MILS with the support of MOSS Consultants and Capital worked for two working days to create a pre-forum stakeholder map based on the five-component PRINC food safety ecosystem which consists of; 

1. Private Sector

2. Regulatory Bodies

3. Investors

4. Non-Government Organizations (NGOs)

5. Consumers  

We believe that only by listening to the voices of those who are facing the challenges first-hand, we will be able to create a more realistic, reflective and detailed stakeholder map in order to plan the effective collaborations and way forward. 

Please contribute to the process of improving safety and quality standards in Myanmar food industry by filling up the form below.

Get Involved by giving your inputs here.

After we received the form, you will receive an email with a link to download the current stakeholder map exhibited at the forum. 

We are glad to let you know that a White Paper on Food Safety and Quality Improvement in Myanmar Food Industry which will be able to analyze and suggest ways forward and effective action plans will be developed in collaboration with all the stakeholders. The progress will be updated here regularly.